Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2024-03-11 20:26:29
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှု ကဏ္ဍညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက် နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့ များမှ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် အမျိုးသား ပို့ကုန်မဟာဗျူဟာကို ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုပေးမည့် အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန် မြှင့်တင်ရေးကော်မတီနှင့် အဆိုပါကော်မတီကို လမ်းညွှန်မှုပေးမည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီတို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းနှင့် ကဏ္ဍ၏ ကော်မတီစာရင်း ပြင်ဆင်ဖွဲ့စည်းရေးနှင့် ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှုကဏ္ဍ၏ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအနက် လတ်တလောအကျိုးရလဒ် ဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ရွေးချယ် အကောင်အထည်ဖော်နိုင်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များက ကော်မတီတွင် ပါဝင်သင့်သည့် ဌာန၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်းစီမံချက်များတွင် ပြင်ဆင်/ထည့်သွင်းသင့်သည့် အချက်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၀၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ